myplayer ကာရာအိုကေ software ထဲသို့သီချင်းထည့်သွင်းပုံ
သီချင်းသွင်းမှာလား ? သီချင်း အသစ်တွေကို update လုပ်မှာလား? Video clip လေးနဲ့ရှင်းပြထားပါတယ်
files, folder များကို mouse ဖိဆွဲ၍ အလွယ်တကူဖွင့်ခြင်း
files, folder များကို mouse ဖိဆွဲ၍ player ပေါ်သို့ လွှတ်ချပြီး အလွယ်တကူဖွင့်နိုင်ပါသည်။
myplayer Main Player နှင့် Remote Control App ချိတ်ဆက်နည်း
Main player နှင့် Remote Control App တို့ကြား ဆက်သွယ်နိုင်ရန် အတွက် Network connection ရှိရန် လိုအပ်ပါသည်။ internet line ရှိရန်မလိုပါ။
အိမ်သုံး WiFi လိုင်းရှိပါက ပို၍အဆင်ပြေပါသည်။
WiFi Line မရှိပါက WiFi လွှင့်ပေးနိုင်သော router or access point ရှိလျှင် အဆင်ပြေပါသည်။
အထက်ပါ ပစ္စည်းများမရှိပါက ဖုန်းမှ Hotspot လွှင့်ပြီး ကွန်ပျူတာ နဲ့ချိတ်ဆက်နိုင်ပါသည်။ (Mobile Data မလိုပါ)
YouTube, Google Drive Movie, TV Show (ဘောလုံးပွဲ၊ TV Channels) တို့ကဲ့သို့ အင်တာနက်ဖြင့် အသုံးပြုရသည့် အလုပ်ဆောင်ချက်များ အသုံးပြုလိုပါက Internet Line ရှိရန်လိုအပ်ပါသည်။
myplayer karaoke Box မှာ audio သံကို ဘယ်ကနေယူမလဲ
myplayer karaoke Box မှာ Audio အသံကို နည်းလမ်း ၂ နည်းနဲ့ ထုတ်နိုင်ပြီး Amplifier, Sound Box တို့နှင့် ချိတ်ဆက်နိုင်ပါတယ်။ 1. Default အနေဖြင့် TV အချိန်းအပြောင်းလုပ်တိုင်း HDMI ကနေ အသံထွက်သွားတတ်ပါတယ်။ ထိုအခါ TV ရဲ့ audio output jack ကတဆင့် Amplifier, Sound Box သို့ ချိတ်ဆက်နိုင်ပါတယ်။ 2. နောက်တနည်းက စက်က Audio output jack အစိမ်းကနေလည်း ထုတ်နိုင်ပါတယ်။
myplayer Karaoke Software ကို iOS [iPhone, iPad] နဲ့ ချိတ်ဆက်ခြင်း
myplayer Karaoke Software အတွက် Remote control app က Android အတွက်ပဲ ရှိသေးသော်လည်း Android, iOS ၂ မျိုးစလုံး ရရှိတဲ့ user တွေအတွက် အဆင်ပြေပေမယ့် iOS [iPhone, iPad] ပဲ ရှိပြီး Android မရှိတဲ့ user တွေက နောက်ထပ် Android Phone, Tablet ကို မဖြစ်မနေ ထပ်ဝယ်စရာ မလိုတဲ့အတွက် ကုန်ကျစရိတ်ကိုလည်း ကာမိစေပါတယ်။ Video လေးကို ကြည့်ပေးပါ။
iOS app အတွက်လည်း app ကျနော် ထုတ်ပေးချင်ပါတယ်။ ကြိုးစားနေပါတယ်။ အခုက နှစ်စဉ်ကြေး $99 တက်နိုင်သော်လည်း ဒီကနေ developer acc အတွက် ဝယ်ဖို့က အဆင်မပြေတဲ့အတွက်ကြောင့်ပါ။
ကျနော့မှာ iPhone, iPad တစ်ခုမှ မရှိပါဘူး။ အဲလောက်လည်း မချမ်းသာပါဘူး။ ဒီ video လေးကို ကြည့်လိုက်ရင် သိမှာပါ။ သို့သော် ထုတ်ပေးနိုင်အောင်တော့ ကျနော် ကျိုးစားနေပါတယ်။ ရပ်မနေပါဘူးခင်ဗျာ။
❤︎ အားလုံးပျော်ရွှင်စရာနေ့ရက်တွေဖြစ်ပါစေ... ❤︎
myplayer 2k22 Pro Key ဝယ်ယူခြင်း
myplayer 2k22 Pro Key ဘယ်လို ဝယ်ယူရမလဲဆိုတာကို ရှင်းပြထားပါတယ်
More Videos...