• myplayer2k22 ဆိုသည်မှာ ကာရာအိုကေ သီချင်းများကို အလွယ်တကူ ရှာဖွေသီဆိုနိုင်ရုံမျှ မက ရုပ်ရှင်ဇာတ်ကားများကို အလွယ်တကူ ရှာဖွေကြည့်ရှုနိုင်သည့် video player application (Computer Software) တစ်ခုဖြစ်ပါသည်။ ထို့ပြင် Android Phone/Tablet [myplayer remote] app ဖြင့်ပါ တွဲဖက်အသုံးပြုနိုင် ပါသေးသည်။
  • ကာရာအိုကေ စက်(PC)တွင် မိမိဆိုချင်သောသီချင်းမရှိသော်လည်း မိမိဖုန်းထဲက ကာရာအိုကေ သီချင်းဖိုင်ဖြင့်လည်း သီဆိုနိုင်တဲ့အတွက် မိမိဆိုနေကျသီချင်း ဖုန်းထဲရှိထားရင်ကို အဆင်ပြေနေပြီ။
  • playlist ကိုလည်း လက်ဖြင့်ဖိပြီး အပေါ်အောက် စိတ်ကြိုက် စီမံနိုင်ပါသည့်အပြင် mobile app မှနေ၍ emoji ရုပ်ပုံများ၊ ပျော်ရွှင်ဖွယ်(text) စာသားများကိုလည်း TV Screen(player display) မှာ အပြန်အလှန် ဖော်ပြပေးနိုင်သဖြင့် fun activity တစ်ခုအနေဖြင့် ဖန်တီးနိုင်ပါသည်။
  • လက္ဘရည်ဆိုင်များတွင် TV Screen မှာ ဘောလုံးပွဲ၊ ရုပ်ရှင်၊ သီချင်းများပြသနေစဉ် ကြော်ငြာရုပ်ပုံများကို ဖော်ပြပြီး ကြော်ငြာလို့ ရနိုင်ပါသေးသည်။
  • IPTV Show feature နဲ့ m3u playlist ဖိုင်ကိုအသုံးပြုပြီး VOD ၊ ဘောလုံးပွဲ၊ သတင်း စသည့် IPTV stream များကိုလည်း ကြည့်ရှုခံစားနိုင်ပါသည်။ ထို့ပြင်  Google Drive တို့ကဲ့သို့သော cloud movie drive တို့မှ ရုပ်ရှင်ဇာတ်ကားများကိုလည်း အလွယ်တကူ ကြည့်ရှုနိုင်ပါတယ်။
  • ဒါတင်မကသေးပဲ YouTube မှ သီချင်း၊ ဇာတ်ကား၊ သင်ခန်းစာ စသည့် Video များကိုလည်း အလွယ်တကူ ရှာဖွေကြည့်ရှုနိုင်ပါသည်။ ကြော်ငြာတွေမတက်တော့ အလွယ်တကူ အဆင်ပြေတာပေါ့။ သီချင်း မရှိသော်လည်း YouTube  မှ ကာရာအိုကေ သီချင်းများကို ရှာဖွေပြီး အလွယ်တကူ သီဆိုနိုင်ပါသည်။   (အင်တာနက်ရှိဖို့တော့ လိုတာပေါ့နော ) လိုအပ်ပါက စက်အတွင်းသို့ အလွယ်တကူ Download လုပ်နိုင်ပါသေးသည်။
  • Free Version မှာတင် YouTube Video Search ကို အသုံးပြုနိုင်ပါသည်။ (ကန့်သတ်မထားပါ)။
  • YouTube, TVSHOW feature များသည် တခြားနည်းပညာများကို မှီခိုအားထား ရသဖြင့် အပြောင်းအလဲ ရှိနိုင်ပါသည်။


 myplayer Karaoke Software မှာ-
 Main Player Software နဲ့
 Remote Control App Software
ဆိုပြီး (၂)မျိုးရှိပါတယ်
ဒီမှာ ဒေါင်းယူနိုင်ပါတယ်-> https://www.myplayer.info/download

 Main Player Software ကတော့ Computer Software အမျိုးအစားဖြစ်ပြီး Windows 7/8/10/11 နှင့် MacOS(Intel) တွေမှာ install လုပ် အသုံးပြုနိုင်ပါသည်။
 Remote Control App Software ကတော့ Main Player ကို remote control တစ်ခုကဲ့သို့
 သီချင်းရှာတာ
 ရုပ်ရှင်ဇာတ်ကားရှာတာ
 youtube video ရှာတာ
 ဘောလုံးပွဲလိုင်းရှာတာ
 Play, Pause, Volume -,+, စသဖြင့် လုပ်ဆောင်ပေးတဲ့ software အမျိုးအစားဖြစ်ပြီး
Windows (64bit), Android, MacOS(Intel), iOS(Web Browser) တို့မှ အသုံးပြုနိုင်ပါတယ်။

Main Player နဲ့ Remote Control App ချိန်ဆက်ခြင်း
------------------------------------------------------
Main player နှင့် Remote Control App တို့ကြား ဆက်သွယ်နိုင်ရန် အတွက် Network connection ရှိရန် လိုအပ်ပါသည်။
အိမ်သုံး WiFi လိုင်းရှိပါက ပို၍အဆင်ပြေပါသည်။
WiFi Line မရှိပါက WiFi လွှင့်ပေးနိုင်သော router or access point ရှိလျှင် အဆင်ပြေပါသည်။
အထက်ပါ ပစ္စည်းများမရှိပါက ဖုန်းမှ Hotspot လွှင့်ပြီး ကွန်ပျူတာ နဲ့ချိတ်ဆက်နိုင်ပါသည်။ (Mobile Data မလိုပါ)
YouTube, Google Drive Movie, TV Show (ဘောလုံးပွဲ၊ TV Channels) တို့ကဲ့သို့ အင်တာနက်ဖြင့် အသုံးပြုရသည့် အလုပ်ဆောင်ချက်များ အသုံးပြုလိုပါက Internet Line ရှိရန်လိုအပ်ပါသည်။

အသုံးပြုနည်းအပြည့်အစုံ -> https://www.myplayer.info/userguide

 

အဓိက ကွာခြားချက်က Local Control Center ပါ။

Local Control Center (Pro version):

  1. Local Control Center က Pro version မှာပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
  2. Dual monitor output ၂ ခုရှိပါက Main player ကို TV မှာ ထားပြီး Local Control Center ကို တခြား monitor screen မှာထားပြီး သီချင်းရှာ ၊ ဇာတ်ကား ရှာ ၊ ဘောလုံးပွဲလိုင်းရှာ ၊ colllections ထဲသို့ သိမ်းဆည်းတာ ၊ ဘောပွဲ ၂ ပွဲ တပြိုင်တည်းကြည့်တာ ၊ TV ပေါ်မှာ စာသားတွေ ဖော်ပြတာ ၊ TV ပေါ်မှာ ကြော်ငြာရုပ်ပုံတွေ ဖော်ပြတာ ၊ Play ၊ Pause စတာ တွေ အကုန်လုံးကို လုပ်လို့ရပါတယ်။
  3. Local Control Center ကနေ အကုန် control လုပ်နိုင်သည့်အတွက် network connection ရှိရန်မလိုပါ။ 

Home version တွင် Local Control Center မပါသည့်အတွက် သီချင်းရှာ ၊ ဇာတ်ကားရှာ ၊ Play ၊ Pause စသည်တို့ကို remote app ကနေပဲ ပြုလုပ်နိုင်တာကြောင့် Network connection အမြဲရှိနေရမှာဖြစ်ပါတယ်။


ဥပမာ လေးနဲ့ ဖြေပေးပါမယ်
မိမိမှာ ရှိတဲ့ (ရိုးရိုး) TV က အင်တာနာနဲ့ပဲ အသုံးပြုလိုရတယ် ဆိုပါတော့
ဆိုင်ကတော့ ပြောတာပဲ အင်တာနက်မလို ဆိုလို့ ဝယ်လိုက်မိတယ်
သူများအိမ်က TV ကျတော့ 
အင်တာနာ နဲ့လည်း သုံးလို့ရတယ်... 
အင်တာနက်နဲ့လည်း သုံးလို့ရတယ်ဘာကြောင့်လဲ ? လို့ မေးလာရင်
ဒီလို ဖြေပါမယ်
 မတူဘူးလိုပဲ ပြောရမယ်
 အင်တာနာ တစ်ခုပဲ ရတာက ရိုးရိုး TV
 အင်တာနာ ကော ၊ အင်တာနက် ကော အသုံးပြုနိုင်တာက SMART TV
 SMART TV က သူ့ထက် ပိုမြင့်တယ်လို့ .

ကျနော်တို့ myplayer က အင်တာနက်မရှိ (offline)လည်း ရတယ်။ 
အင်တာနက်ရှိတဲ့သူဆိုရင် youtube ၊ tv channel ၊ ဘောလုံးပွဲ ၊ google drive movie စတာတွေပါ ကြည့်လို့ရတာမလို့ အင်တာနက် ရှိတဲ့သူတွေအတွက်ကတော့ Win Win ပါပဲ 
Free version မှာတင် ကာရာအိုကေ ၊ youtube ၊ tv channel ၊ ဘောလုံးပွဲ စတာတွေပါ ကြည့်နိုင်တာမလို့ အခုပဲ website မှာ ဒေါင်းယူလိုက်ပါ

 

  • တရားဝင် သီချင်းရောင်းတဲ့ဆိုင်များ ၊ website များကလည်း ဝယ်ယူနိုင်ပါတယ်။
  • YouTube က သီချင်းများကို ဒေါင်းပြီး Karaoke File Maker Software ကို အသုံးပြု၍ ကာရာအိုကေသီချင်းအဖြစ် ပြောင်းယူနိုင်ပါတယ်။
  • Karaoke File Maker Software ကို ဒီမှာ ဒေါင်းယူနိုင်ပါတယ်။  https://www.myplayer.info/karaoke-file-maker

 
 

 

myplayer karaoke software က File Naming System ကိုအသုံးပြုပါသည်။ ထို့ကြောင့် သီချင်းဖိုင်အမည် (Filename) တွင် ထိုဖိုင်၏
သီချင်းအမည်-အဆိုတော်၁+အဆိုတော်၂.mp4 
ပုံစံ ပေးထားဖို့လိုပါသည်။ ထိုသို့ ပေးထားမှသာ Phone, Tablet တွေမှ သီချင်းအမည် ၊ အဆိုတော်အမည် နဲ့ အလွယ်တကူ ရှာဖွေနိုင်မှာ ဖြစ်ပါသည်။

 
 

 

myplayer တွင် Register Key နဲ့ Scan လုပ်ထားသမျှ အားလုံးကို ပုံတွင်ပြထားသည့် myplayer.sqlite ဖိုင်ထဲတွင် သိမ်းဆည်းထားပါသည်။.
 IPTV File များ၊ Logo ပုံများ၊ Setting Menu > Configurations မှ ကြိုတင်သတ်မှတ်ချက်များကို myplayer folder ထဲတွင် သိမ်းဆည်း ထားပါသည်။.ထို "myplayer.sqlite" နှင့် "myplayer" folder ကို copy ကူး(Backup) သိမ်းထားခြင်းပြီး Windows ပြန်တင်ပြီးပါက ထိုနေရာ(Path/Location) အတိုင်း Paste(Ctrl+V) လုပ်ပေးလိုက်ပါက file များ scan ထပ်ဖတ်စရာမလို၊ register key လည်း ထပ်မံ ရိုက်ထည့်စရာမလိုပါခင်ဗျာ.အထက်ပါဖိုင်များ တည်ရှိနေရာသည်C:\Users\<Your User Folder>\ အောက်တွင်ရှိပါသည်။.ပုံထဲတွင်ရှိသော ကျနော်တို့ Computer အနေဖြင့်C:\Users\myplayer\ အောက်တွင်ရှိပါသည်။

 

  • ဟုတ်ကဲ့ ရပါတယ်။
  • Internal HDD မှာပဲ သိမ်းသိမ်း ၊ External HDD မှာပဲ သိမ်းသိမ်း ၊ myplayer software ရဲ့ Library name မှာ path (သီချင်းတွေရှိတဲ့ folder) ကို ထည့်ထားပြီးပါက ထို path ရှိ folder name ကအစ အမည်ပြောင်းတာ(rename) ၊ နေရာရွေ့တာမျိုး (move) လုပ်မိခဲ့လျင် ထို ပြုပြင်မှုအတွက် Database Manager မှာ အဟောင်းကို ပြန်ဖျက်ပြီး scan အသစ်ပြန်ဖတ်ပေးဖို့လိုပါသည်။
  •  External Drive တွင် သီချင်းဖိုင်များ သိမ်းဆည်းပြီး အသုံးပြုပါက Library Name တွင် folder path, rename, move တစ်ခုခု မပြုပြင်သော်လည်း USB တပ်ပြီး သုံးရသဖြင့် Drive Letter အပြောင်းအလဲ (E:\, F:\,G:\) ဖြစ်နိုင်ပါသည်။ drive letter ပြောင်းလဲမှု ဖြစ်ပေါ်ပါက ယခင် scan ဖတ်ထားသော ဖိုင်များသည် ရှာလို့တွေ့သော်လည်း file path အစစ်မှာ drive letter အပြောင်းအလဲကြောင့် database နဲ့ ပကတိ path လမ်းကြောင်း မတူညီမှုကြောင့် Play လို့မရတာမျိုး ဖြစ်တတ်ပါသည်။
  •  ထိုသို့ Drive Letter မပြောင်းလဲစေရန်အတွက် မိမိအသုံးပြုလိုသော External HDD ကို Drive Letter ပုံသေ တစ်ခု သတ်မှတ်ပြီးမှ Database Manager ထဲသို့ Scan ဖတ် ထည့်သွင်းသင့်ပါသည်။
  •  Drive Letter တစ်ခု ပုံသေသတ်မှတ်ရန် Disk Management (အောက်ပါနည်းအတိုင်း) ကိုဖွင့်ပြီး ပုံပါအတိုင်း ပြုလုပ်နိုင်ပါသည်-
    • Windows 8 and 10
      1. Right-click the Windows icon.
      2. Click Disk Management.
    • Windows 7
      1. Click Start.
      2. Right-click Computer.
      3. Click Manage.
      4. Click Disk Management
 

 

လစဉ်ကြေးနဲ့မဟုတ်ပါ။ တစ်ကြိမ်ပဲ ပေးဖို့လိုတာပါ။

myplayer2k22 Home/Pro Reg Key
Help > About menu box မှ serial key ကို myplayer team ထံသို့ ပို့ပေးပြီး ပြန်လည်ရရှိ လာသော register code ကို register box မှာ ဖြည့်သွင်းပြီး myplayer2k22 Home/Pro version ကို upgrade ပြုလုပ်နိုင်သည်။ တစ်ကြိမ်ဖြည့်သွင်းပြီး Home/Pro version ဖြစ်ပါက ထပ်မံဖြည့်သွင်းရန်(လုံးဝ) မလိုပါ။ အကယ်၍ code အမှား ထပ်မံဖြည့်သွင်းမိပါက Register code အမှန်အား ထပ်မံ ဖြည့်သွင်း၍ Home/Pro version အား activate ပြန်လုပ်နိုင်သည်။ register code အား သိမ်းဆည်း မှတ်သားထားရမည်။ register code သည် ယခင်ဝယ်ယူထားသော one serial key အတွက်သာ ဖြစ်ပါသည်။ ထို့ကြောင့် Operating system/Hardware နဲ့ ပတ်သက်သော ပြင်ဆင်မှုများ ပြုလုပ်ခြင်းကြောင့် serial key အသစ်ဖြစ်ပေါ်ပြီး register code အလုပ်မလုပ်ပါက myplayer team မှ ထပ်မံ code အသစ် ပြန်လည်ထုတ်ပေးမည် မဟုတ်ပါ။ register code အသစ်အား ပြန်လည်ဝယ်ယူရမည်ဖြစ်ပါသည်။ Register code ပျောက်ပျက်သွားပါက ထို Serial key ဖြင့် ဝယ်ယူထားရှိပြီးကြောင်း အထောက်အထားပြနိုင်လျင် myplayer team မှ register key အား အချိန်မရွေး ထပ်မံ ပေးပို့ပေးပါမည်။ ငွေထပ်မံပေးချေစရာ (လုံးဝ) မလိုပါ။ ကွန်ပျူတာမှာ myplayer software ကို install လုပ်လိုက်တာနဲ့ ကွန်ပျူတာ hardware ရဲ့ serial key ကို အသုံးပြုပြီး ကျနော်တို့ထံ register key ကို ဝယ်ယူရမှာ ဖြစ်ပါတယ်။ တစ်ကြိမ်ပဲ ပေးဖို့လိုတာပါ။ အဆိုပါ serial key ထုတ်ပေးတဲ့ hardware မပျက်မချင်းပါ။ Windows ပြန်တင်ရုံနဲ့ serial key မပြောင်းပါခင်ဗျာ။ Windows ပြန်တင်လည်း ယခင် ဝယ်ထားတဲ့ register key ကိုပဲ ပြန်ထည့်ပေးလိုက်ရင် ရပါပြီခင်ဗျာ။

အကယ်၍ ကွန်ပျူတာက serial key ထုတ်ပေးတဲ့ hardware ပျက်သွားလို့ (သို့မဟုတ်)အချိန်အပြောင်း လုပ်လိုက်ရင်တော့ serial key အသစ်ဖြစ်ပေါပြီး ဝယ်ထားတဲ့ register key က သက်တမ်း ကုန်သွားမှာ ဖြစ်ပါတယ်ခင်ဗျာ။

Key ဝယ်ရင် သီချင်းတွေ ပါမှာမဟုတ်ပါ။ 
myplayer karaoke software က Player သီးသန့်ပါ။ 
User တွေကို KTV ပုံစံ ၊ phone ၊ tablet ကနေ သီချင်းတွေ အလွယ်တကူ ရှာဖွင့်နိုင်အောင် လုပ်ပေးထားခြင်းသာ ဖြစ်ပါတယ်။

 

ကာရာအိုကေသီချင်းတွေ မရောင်းပါ။
ကျနော်တို့က Key ကိုပဲ ရောင်းတာပါ။

key ဝယ်ရင် ဘောလုံးပွဲနိုင်တွေမပါပါ။ 

myplayer karaoke software က Player သီးသန့်ပါ။ 
မိမိတို့ ထည့်သွင်းထားတဲ့ ဘောလုံးပွဲလိုင်းတွေကို phone ၊ tablet ကနေ အလွယ်တကူ ရှာဖွင့်နိုင်အောင် လုပ်ပေးထားခြင်းသာ ဖြစ်ပါတယ်။

Computer myplayer software မှ 
Help menu > About ကိုနှိပ်ပြီး serial key ကို ကျနော်တို့ထံသို့ ss ရိုက်ပို့ပေးရမှာ ဖြစ်ပါတယ်။ ကျနော်တို့က ထို serial key အတွက် reg key ပြန်ထုတ်ပေးမှာ ဖြစ်ပါတယ်။ ကျနော်တို့ ဆီက ပြန်လည်ပေးပို့လာသော reg key ကို Help menu > Register ကိုနှိပ်ပြီး မှန်အောင်ဖြည့်သွင်းပြီးပါက OK နှိပ်လိုက်ရင် ရပါပြီ။ အောက်က video တွင် လေ့လာကြည့်ပါ။

 
 

 

Kpay, Wave Pay, AYA Pay တို့နဲ့ ငွေပေးချေနိုင်ပါတယ်။

Remote app က iOS အတွက်ရလား  ?

Remote app အနေနဲ့ Android , Windows(64bit), macOS(Intel) အတွက်ပဲ ရပါသေးတယ်။
iOS အတွက် မရသေးပါ။
သို့သော်
iOS ပဲ ရှိတဲ့ User တွေအတွက် စမ်းသုံးချင်တယ်ဆိုရင်တော့App မထုတ်နိုင်ခင်အချိန်မှာ app လောက်တော့ အဆင်မပြေပေမယ့် web browser ကနေ ဝင်သုံးနိုင်အောင် လုပ်ပေးထားပါတယ်။ web browser မှာ player ရဲ့ address ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ ဥပမာ၊ 192.168.1.1:8291 (ဒီပုံစံပဲ ရိုက်ရမှာဖြစ်ပါတယ်)192.168.1.1ကတော့အပြောင်းအလဲရှိနိုင်ပါတယ်။ port no. ကတော့ 8291 ပါ။ iOS ပုံလေးကို Zoom ချဲ့ကြည့်ရင်လည်း မြင်တွေ့နိုင်ပါတယ်။

 

  ရပါတယ်ခင်ဗျာ။ သီချင်းဖိုင်တွေကို Local Computer တစ်လုံးထဲမှာ စုထားနိုင်သလို Cloud Drive တစ်ခုခုမှာသိမ်းထားလည်းပဲ myplayer နဲ့ အလွယ်တကူ ရှာဖွေသီဆိုနိုင်ပါတယ်။

ဥပမာ

KTV ဆိုင်တွေအတွက် သီချင်းတွေကို computer တစ်လုံးထဲမှာပဲ သိမ်းထားပြီး အခန်းတိုင်းရဲ့ ကွန်ပျူတာတွေမှာ Data အတွက် HDD မပါဝင်ပဲ အလွယ်တကူ သီချင်းရှာ သီဆိုနိုင်ပါတယ်ခင်ဗျာ။ ထိုသို့ အသုံးပြုခြင်းဖြင့် အခန်းများလေ ကုန်ကျစရိတ်ကို သက်သာလေ ဖြစ်ပါသည်။