Media Library ထဲသို့ သီချင်းဖိုင်များထည့်သွင်းခြင်း
myplayer ကာရာအိုကေ & media player software

Using Media Library Manager

myplayer2k22 သည် ကွန်ပျူတာ HDD သို့မဟုတ် External HDD တွင်ရှိသော video/audio file များ ကို ရှာဖွေပြုစုပြီး Database အတွင်း အလိုအလျောက် သိမ်းဆည်းပေးပါသည်။ (ဖိုင်ကို သိမ်းဆည်းပေးတာမဟုတ်ပါ။ ဖိုင်အမည်နဲ့ ဖိုင်တည်နေရာကိုသာ သိမ်းဆည်းခြင်းဖြစ်ပါသည်။) ထို့ကြောင့် အသုံးပြုသူအနေဖြင့် Media Library အမည်များပေး၍ အုပ်စုခွဲပြီး သက်ဆိုင်ရာ folder path ကို ထည့်ပေးရပါမည်။ သို့မှသာ application တွင် library name အလိုက် ဖော်ပြပေးမည်ဖြစ်ပြီး အမြင်လည်း ရှင်းလင်းစေသလို အုပ်စုတူရာအလိုက် ရှာဖွေနိုင်ပါသည်။ နမူနာ- အထက်ပါပုံတွင် ကွန်ပျူတာအတွင်း သီချင်းဖိုင်များ၊ ရုပ်ရှင်များကို သိမ်းဆည်းထားပါသည်။ Library Manager ကို ဖွင့်ရန်အတွက် Setting Menu > Media Library Manager ကိုနှိပ်ပြီး ဖွင့်နိုပါ။
အသုံးပြုနည်း video link >>
https://youtu.be/QmKPf4HWZIM


အဆိုတော်သံဖျောက်မရတဲ့ သီချင်းအား ကာရာအိုကေ သီချင်း ပြုလုပ်ခြင်း
myplayer ကာရာအိုကေ & media player software