External HDD ထဲတွင် သီချင်းတွေသိမ်းပြီး အသုံးပြုလို့ရနိုင်ပါသလား ?
myplayer Karaoke & Media Player Software

Q & A
---------
Q: Laptop ကွန်ပျူတာမှာ myplayer karaoke software တင်ထားပါတယ်။ Disk Storage က SSD 128GB ပဲရှိလို့ သီချင်းတွေကို External HDD ထဲမှာ သိမ်းပြီး ဖွင့်လို့ရနိုင်ပါသလား?

Ans: ဟုတ်ကဲ့ ရပါတယ်။ 
 Internal HDD မှာပဲ သိမ်းသိမ်း ၊ External HDD မှာပဲ သိမ်းသိမ်း ၊ myplayer software ရဲ့ Library name မှာ path (သီချင်းတွေရှိတဲ့ folder) ကို ထည့်ထားပြီးပါက ထို path ရှိ folder name ကအစ အမည်ပြောင်းတာ(rename) ၊ နေရာရွေ့တာမျိုး (move) လုပ်မိခဲ့လျင် ထို ပြုပြင်မှုအတွက် Database Manager မှာ အဟောင်းကို ပြန်ဖျက်ပြီး scan အသစ်ပြန်ဖတ်ပေးဖို့လိုပါသည်။
 External Drive တွင် သီချင်းဖိုင်များ သိမ်းဆည်းပြီး အသုံးပြုပါက Library Name တွင် folder path, rename, move တစ်ခုခု မပြုပြင်သော်လည်း USB တပ်ပြီး သုံးရသဖြင့် Drive Letter အပြောင်းအလဲ (E:\, F:\,G:\) ဖြစ်နိုင်ပါသည်။ drive letter ပြောင်းလဲမှု ဖြစ်ပေါ်ပါက ယခင် scan ဖတ်ထားသော ဖိုင်များသည် ရှာလို့တွေ့သော်လည်း file path အစစ်မှာ drive letter အပြောင်းအလဲကြောင့် database နဲ့ ပကတိ path လမ်းကြောင်း မတူညီမှုကြောင့် Play လို့မရတာမျိုး ဖြစ်တတ်ပါသည်။
 ထိုသို့ Drive Letter မပြောင်းလဲစေရန်အတွက် မိမိအသုံးပြုလိုသော External HDD ကို Drive Letter ပုံသေ တစ်ခု သတ်မှတ်ပြီးမှ Database Manager ထဲသို့ Scan ဖတ် ထည့်သွင်းသင့်ပါသည်။
 Drive Letter တစ်ခု အသေသမှတ်ရန် Disk Management (အောက်ပါနည်းအတိုင်း) ကိုဖွင့်ပြီး ပုံပါအတိုင်း ပြုလုပ်နိုင်ပါသည်။

Windows 8 and 10

1. Right-click the Windows icon.
2. Click Disk Management.

Windows 7
1. Click Start.
2. Right-click Computer.
3. Click Manage.
4. Click Disk Management
website: https://myplayer.info
#myplayer
#FREE #karaoke #media #player #software



Q&A
myplayer ကာရာအိုကေ & media player