WO Mic ကို အသုံးပြုပြီး Phone ကို မိုက်အဖြစ် သီချင်းသီဆိုခြင်း

mic, amplifier မရှိလည်း phone ကို Mic အဖြစ် အပျော်တမ်း ကာရာအိုကေ သီဆိုနိုင်တဲ့ နည်းလမ်းလေးကို မျှဝေပေးပါ့မယ်။

.

WO Mic app ကိုအသုံးပြုရမှာ ဖြစ်ပါတယ်။

1. WO Mic app ကို သက်ဆိုင်ရာ google play store, apple app store ကနေ install လုပ်ပါ။

2. ပထမဆုံး ပုံမှာပါတဲ့ အဆင့်(၂) ၊ အဆင့်(၃)က computer အတွက် လိုအပ်တဲ့ setup file များ ဖြစ်ပါတယ်။ အဆင့်(၂)ကို အရင်ဒေါင်းပြီး အရင် install လုပ်ပါ။. ပြီးမှ အဆင့် (၃)ကို WO Mic Client ကို ဒေါင်းပြီး install လုပ်ပါ။ ပြီးရင် computer ကို reboot (restart) ဖို့ မေးပါလိမ့်မယ်။ restart လုပ်လိုက်ပါ။

.

Phone WO Mic app နဲ့ PC WO Mic ကို ချိတ်ဆက်ဖို့

နည်းလမ်း(၄) မျိုး ရှိပါတယ်။ (Bluetooth, USB, WiFi, WiFi Direct)

(ကျနော်တို့ WiFi ၂ မျိုးနဲ့ ကြည့်ပါတယ်။ အဆင်ပြေပါတယ်)

.

WiFi နည်းလမ်း

1. ph ကလည်း အိမ်/ရုံး WiFi ကိုချိတ်ပါ။

2. PC ကလည်း အိမ် WiFi ကိုချိတ်ပါ။

3. Phone က WO Mic app ကိုဖွင့်ပါ။ (ပုံ-၂) အောက်မှာ စာရေးပေးထားပါတယ်။

4. PC က WO Mic Client ကို ဖွင့်ပါ။ (ပုံ-၃) အတိုင်း မြင်ရပြီး Connect menu ကိုနှိပ်ပါ။ (ပုံအောက်မှာ စာရေးပေးထားပါသည်)

5. (ပုံ-၄) အတိုင်း မြင်ရပြီး WiFi ကို ရွေး၍ phone ip ကိုရိုက်ပြီး connect ကိုနှိပ်ပြီး ချိတ်ဆက်နိုင်ပါသည်။

.

ချိတ်ဆက်မှု ပြီးပြီဆို သီချင်းဆိုလို့ရပါပြီ။

.

WiFi Direct ကတော့ phone တစ်လုံးက Hotspot လွှင့်ပြီး ချိတ်ဆက်တာ ဖြစ်ပါသည်။ အင်တာနက်လိုင်း ပိတ်ထားဖို့လိုပါသည်။

(တခြားသူတွေသိအောင်လည်း ရှယ်ပေးပါ)

အားလုံးပျော်ရွှင်စရာနေ့ရက်တွေဖြစ်ပါစေ...

Sign in to leave a comment