myplayer 2k22 ဆိုတာဘာလဲ

 

    myplayer 2k22 Karaoke Software သည် Functions စုံ လူကြိုက်များပြီး အသုံးပြုရလည်း လွယ်ကူတဲ့ Karaoke Software  တစ်ခုဖြစ်ပါတယ်။ ကာရာအိုကေ သီချင်းများကို အလွယ်တကူ ရှာဖွေသီဆိုနိုင်ရုံမျှမက ရုပ်ရှင်ဇာတ်ကားများကို အလွယ်တကူ ရှာဖွေကြည့်ရှုနိုင်သည့် video player application (Computer Software) တစ်ခုဖြစ်ပါသည်။ myplayer ရဲ့ လုပ်ဆောင်ချက် စွမ်းဆောင်ရည်များကို အောက်တွင် ဖော်ပြပေးထားပါသည်-

  1. Free to Use: myplayer Karaoke software ကို ကုန်ကျစရိတ် လုံးဝ မရှိပဲ (အခမဲ့) လည်း အသုံးပြု ခံစားနိုင်ပါသည်။
  2. Online / Offline:
    1. myplayer karaoke software ကို Offline (internet မရှိ) လည်း  အသုံးပြုနိုင်ပါတယ်။
    2. Online (Internet) ရပါက:
      • Google Drive (cloud drive များ) မှ ရုပ်ရှင်ဇာတ်ကားများ ၊ သီချင်းများ ကြည့်ရှုသီဆိုနိုင်ပါတယ်။
      • IPTV (TV Show, ဘောလုံးပွဲ ၊ TV Channel) m3u file ကို အသုံးပြု ကြည့်ရှုနိုင်ပါတယ်။
      • YouTube မှ DJ ၊ သီချင်း ၊ ရုပ်ရှင်ဇာတ်ကားများ ၊ Live များကို ကြည့်ရှုနိုင်ပါတယ်။
  3. Cross-Platform Compatibility:
    1. myplayer 2k22 Player Software:
      • Windows 7/8/10/11 
      • MacOS (Intel)  
      • Linux (Ubuntu) computer များတွင် အသုံးပြုနိုင်ပါသည်။
    2. Remote Control App:  
      • Android (apk)
      • iOS (web)
      • Windows (app)
      • MacOS (Intel) (app) နှင့် 
      • မည်သည့် device မှမဆို web app  တို့မှတဆင့်လည်း သီချင်းရှာ ၊ ဘောလုံးပွဲလိုင်းရှာ ၊ TV Channel ရှာ ၊ Play ၊ Pause စသဖြင့် device အစုံမှ Control လုပ်နိုင်ပါသည်။
  4. Extensive Media Library: မြန်မာသီချင်း ၊ တိုင်းရင်းသားသီချင်း  ၊   ထိုင်းသီချင်း ၊ Movie ၊Movie Series စသဖြင့် Media Library များကို မိမိစိတ်ကြိုက် ဖန်တီး တည်ဆောက်နိုင်ပါတယ်။ myplayer ကို software အတွေ့အကြုံနည်းသူများနှင့် ကျွမ်းကျင်သူများအတွက်ပါ ပုံစံပြု ထုတ်လုပ်ထားတာဖြစ်ပါတယ်။
  5. Search & Filtering
    1. မိမိ ဆိုလိုသောသီချင်း ၊ ကြည့်လိုသော ဇာတ်ကားများကို အလွယ်တကူ ရှာဖွေနိုင်ပါသည်။
    2. အဆိုတော် အမည် ၊  album အမည် ၊ category အမည် စသဖြင့်လည်း ရှာဖွေနိုင်ပါသည်။
  6. Keyboards: Remote Control app တွင်- 
    1. Device Keyboards များနှင့် 
    2. On Screen Keyboards ၂ မျိုးအသုံးပြုနိုင်ပါသည်။
      ထို့ကြောင့် မြန်မာ ၊ မလေး ၊ ထိုင်း ၊ တိုင်းရင်းသား စသဖြင့် သက်ဆိုင်ရာ keyboards များကို အသုံးပြုနိုင်မှာ ဖြစ်ပါသည်။
  7. Customizable Playlists
    1. မိမိစိတ်ကြိုက် Playlist များကို အလွယ်တကူဖန်တီးနိုင်ပါတယ်။ ဥပမာ- ("အလှူသီချင်းများ" ၊ "မင်္ဂလာဆောင်သီချင်းများ" ၊ "ဆိုနေကျသီချင်းများ" စသဖြင့် အမည်များပေးပြီး playlist များကို ဖန်တီးနိုင်ပါတယ်)
    2. Shuffle , repeat စသဖြင့်လည်း အလိုရှိသလို အသုံးပြုနိုင်ပါတယ်။
    3. playlist အစီအစဉ်များကိုလည်း လက်ဖြင့်ဖိ၍ အလွယ်တကူ အပေါ်အောက် စဉ်နိုင်ပါတယ်။
  8. Fun Features:
    1. emoji ရုပ်ပုံများနှင့် စာသားများကို Player Screen (TV) တွင်ဖော်ပြပြီး ပျော်ရွှင်ဖွယ် အခိုက်အတန့်များကို ဖန်တီးနိုင်ပါတယ်။
    2. လပ်ခုပ်တီးသံ ၊ WOW အသံ ၊ ဟဟ ရယ်မောသံ များကိုလည်း  play ၍  fun activity တစ်ခုအနေဖြင့် ဖန်တီးနိုင်ပါတယ်။
  9. IPTV Integration: m3u file ကို အသုံးပြု၍ ဘောလုံးပွဲ ၊ သတင်း ၊ အားကစား ၊ VOD စသဖြင့် များပြားလှသော TV channels များကို ကြည့်ရှုနိုင်ပါတယ်။
  10. YouTube Integration: YouTube Video (Live , DJ, Music, Movie) စတာတွေကို myplayer မှာ တိုက်ရိုက် ရှာ၍ ကြည့်ရှု ခံစား နားစဉ်နိုင်ပါတယ်။ (YouTube သည် တခြား နည်းပညာပေါ် မီခိုရသည့်အတွက် အပြောင်းအလဲတော့ ရှိနိုင်ပါသည်)
  11. Session Control: 
    1. Session ကို timer ဖြင့် ကန့်သတ် ထိန်းချုပ်နိုင်ပါတယ်။
    2. Session ကို manual on/off  ပြုလုပ်၍ ကန့်သတ် ထိန်းချုပ်နိုင်ပါတယ်။
  12. Permission:
    1. Admin: Admin (Owner)  သည် လုပ်ဆောင်ချက်အားလုံးကို အသုံးပြုနိုင်သည့်အပြင် Session Control ကိုလည်း Remote Control App မှ လုပ်ဆောင်နိုင်ပါသည်။
    2. User: Remote Control app တွင် Admin မဟုတ်သော User အနေဖြင့် Login ဝင် အသုံးပြုပါက Admin မှ ခွင့်ပြုပေးထားသည်များကိုသာ အသုံးပြုနိုင်မည် ဖြစ်ပါသည်။
    3. Server Port Number: default port number 8091 ကိုလည်း ပြောင်းလဲ၍ အသုံးပြုနိုင်မည် ဖြစ်ပါသည်။
    4. Web Remote App Port Number: remote control app ကို web browser ကနေ အသုံးပြုသည့်အခါ ip:port (8291) number ကိုအသုံးပြုရပါသည်။ အဆိုပါ port number သည် Server port number ကို အမှီပြုပါသည်။  server port + 200 ဖြစ်ပါသည်။ ထို့ကြောင့် server port 8091 ဖြစ်သည့်အတွက်  web remote app port သည် 8291 ဖြစ်ရခြင်း ဖြစ်ပါသည်။ ထို့ကြောင့် Server Port number ကို ပြောင်းတိုင်း web app url (ip:port) ပြောင်းလဲနိုင်ပါသည်။

ဒါ့ကြောင့် အိမ်မှာ ကာကာအိုကေ သီဆိုလိုတာဖြစ်ဖြစ် ၊ ကာရာအိုကေဆိုင်မှာ စီးပွားဖြစ် သုံးလိုတာဖြစ်ဖြစ် myplayer 2k22 Karaoke Software က အကောင်းဆုံး ရွေးချယ်စရာ တစ်ခုဖြစ်ပါတယ်။