ဝန်ဆောင်မှုဆိုင်ရာ စည်းကမ်းချက်များ

၁။ Activation ပြုလုပ်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း

  • myplayer2k22 Free ဗားရှင်း မှ အဆင့်မြှင့်တင်ရန်အတွက် Help > Activate > Activation menu ရှိ မိမိဝယ်ယူလိုသော Serial Key ကို နှိပ်ပြီး ပေါ်လာသော serial key box ကို myplayer Team ထံသို့ ပေးပို့၍ Activation Code ရယူရပါမည်။
  • ရရှိလာသော Activation Code ကို မှန်ကန်စွာ ဖြည့်သွင်းခြင်းဖြင့် Activated Version သို့ အောင်မြင်စွာ အဆင့်မြှင့်တင်နိုင်ပါသည်။
  • တစ်ကြိမ် Activation အောင်မြင်ပြီးပါက ထပ်မံဖြည့်သွင်းရန် မလိုပါ။ အကယ်၍ Code အမှားဖြည့်သွင်းမိပါက Code အမှန်ဖြင့် ပြန်လည် Activate လုပ်နိုင်ပါသည်။

၂။ Serial Key နှင့် Activation Code ကန့်သတ်ချက် (1 Serial, 1 Device)

  • ဝယ်ယူထားသော Activation Key သည် Serial Key (၁) ခု (1 Serial, 1 Device) အတွက်သာ ဖြစ်သည်။
  • Activation Code သည် အသုံးပြုသည့် ကွန်ပျူတာ၏ Hardware ပေါ်တွင် အခြေခံ၍ ထုတ်ပေးထားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် Operating System (OS) ပြန်တင်ခြင်း သို့မဟုတ် Hardware အစိတ်အပိုင်းများ လဲလှယ်/ပြင်ဆင်ခြင်းကြောင့် Serial Key အသစ် ပြောင်းလဲသွားပါက ယခင် Activation Code သည် အလုပ်လုပ်တော့မည် မဟုတ်ပါ။
  • ထိုသို့ Hardware ပျက်စီးခြင်း သို့မဟုတ် အသစ်လဲလှယ်ခြင်းကြောင့် Serial Key ပြောင်းလဲသွားပါက Activation Code အသစ်ကို ထပ်မံဝယ်ယူရမည် ဖြစ်သည်။

၃။ Activation Code ထိန်းသိမ်းခြင်းနှင့် အစားထိုးပေးခြင်း

  • ဝယ်ယူရရှိထားသော Activation Code ကို အသုံးပြုသူမှ သေချာစွာ သိမ်းဆည်းမှတ်သားထားရပါမည်။
  • အကယ်၍ Activation Code ပျောက်ပျက်သွားပါက ထို Serial Key ဖြင့် ဝယ်ယူထားကြောင်း ခိုင်လုံသော အထောက်အထားပြနိုင်လျှင် myplayer Team မှ အခမဲ့ (ငွေထပ်မံပေးချေရန်မလိုဘဲ) ပြန်လည်ပေးပို့ပေးပါမည်။
  • သို့သော် စနစ်တကျ ဝယ်ယူထားခြင်း မရှိသော (သို့မဟုတ်) ဝယ်ယူသည့် အထောက်အထား မပြနိုင်သော ကိစ္စရပ်များအတွက် myplayer Team မှ Activation Code အသစ် ပြန်လည်ထုတ်ပေးရန် ငြင်းဆိုပိုင်ခွင့်ရှိသည်။

၄။ စနစ်အား စောင့်ကြည့်ခြင်းနှင့် လုံခြုံရေး (Security Monitoring)

  • ကျွန်ုပ်တို့သည် ဆော့ဖ်ဝဲလ်၏ လုံခြုံရေးနှင့် မူပိုင်ခွင့်ကို အစဉ်တစိုက် စောင့်ကြည့်နေမည်ဖြစ်ပြီး၊ အကယ်၍ ဆော့ဖ်ဝဲလ်အား Crack ပြုလုပ်ရန် ကြိုးပမ်းခြင်း၊ စနစ်အား အလွဲသုံးစားလုပ်ခြင်း သို့မဟုတ် မသမာသော နည်းလမ်းဖြင့် Key များအား တစ်ဆင့်ပြန်လည်ရောင်းချခြင်း၊ ပွားယူခြင်း စသည့် ပုံမှန်မဟုတ်သော လုပ်ဆောင်ချက်များ တွေ့ရှိပါက၊ အဆိုပါ Serial Key အားလုံးကို အသိပေးခြင်းမရှိဘဲ ချက်ချင်း ရပ်ဆိုင်း (Block) ပိုင်ခွင့်ရှိသည်။

၅။ ဆော့ဖ်ဝဲလ် အပ်ဒိတ် (Software Updates)

  • အကောင်းဆုံးသော ဝန်ဆောင်မှုနှင့် လုပ်ဆောင်ချက် အပြည့်အဝ အသုံးချနိုင်မှု ရရှိရန်အတွက် Mobile App နှင့် Main Player App နှစ်ခုလုံးကို နောက်ဆုံးထွက် Update များအတိုင်း အမြဲတမ်း အသုံးပြုရန် လိုအပ်ပါသည်။ Update မပြုလုပ်ဘဲ အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသော ချို့ယွင်းချက်များ ၊ အပြည့်အဝ အသုံးမပြုနိုင်မှုများအား myplayer Team ဘက်မှ တာဝန်ယူမည်မဟုတ်ပါ။

၆။ myplayer Karaoke Box (ကာရာအိုကေစက်)

  • ​Hardware  အတွက် Invoice တွင် ပါရှိပြီးသော အာမခံ ကာလအတွင်း စက်ပစ္စည်းများကို အာမခံ ပေးပါသည်။ 
  • အာမခံတွင် Power Adapter မပါဝင်ပါ။  
  • အာမခံ စက္ကူ (Warranty Seal) ပျက်စီး/ဖျက်စီး/ပြင်ဆင်ထားခြင်း ရှိပါက အာမခံလည်း ပျက်စီးသွားမှာဖြစ်ပါသည်။