စည်းကမ်းသတ်မှတ်ချက်များ



myplayer2k22 Home/Pro Reg Key
​Help > About menu box မှ serial key ကို myplayer team ထံသို့ ပို့ပေးပြီး ပြန်လည်ရရှိ လာသော register code ကို register box မှာ ဖြည့်သွင်းပြီး myplayer2k22 Home/Pro version ကို upgrade ပြုလုပ်နိုင်သည်။ တစ်ကြိမ်ဖြည့်သွင်းပြီး Home/Pro version ဖြစ်ပါက ထပ်မံဖြည့်သွင်းရန်(လုံးဝ) မလိုပါ။ အကယ်၍ code အမှား ထပ်မံဖြည့်သွင်းမိပါက Register code အမှန်အား ထပ်မံ ဖြည့်သွင်း၍ Home/Pro version အား activate ပြန်လုပ်နိုင်သည်။ register code အား သိမ်းဆည်း မှတ်သားထားရမည်။ register code သည် ယခင်ဝယ်ယူထားသော one serial key အတွက်သာ ဖြစ်ပါသည်။ ထို့ကြောင့် Operating system/Hardware နဲ့ ပတ်သက်သော ပြင်ဆင်မှုများ ပြုလုပ်ခြင်းကြောင့် serial key အသစ်ဖြစ်ပေါ်ပြီး register code အလုပ်မလုပ်ပါက myplayer team မှ ထပ်မံ code အသစ် ပြန်လည်ထုတ်ပေးမည် မဟုတ်ပါ။ register code အသစ်အား ပြန်လည်ဝယ်ယူရမည်ဖြစ်ပါသည်။ Register code ပျောက်ပျက်သွားပါက ထို Serial key ဖြင့် ဝယ်ယူထားရှိပြီးကြောင်း အထောက်အထားပြနိုင်လျင် myplayer team မှ register key အား အချိန်မရွေး ထပ်မံ ပေးပို့ပေးပါမည်။ ငွေထပ်မံပေးချေစရာ (လုံးဝ) မလိုပါ။ ကွန်ပျူတာမှာ myplayer software ကို install လုပ်လိုက်တာနဲ့ ကွန်ပျူတာ hardware ရဲ့ serial key ကို အသုံးပြုပြီး ကျနော်တို့ထံ register key ကို ဝယ်ယူရမှာ ဖြစ်သည်။  အကယ်၍ ကွန်ပျူတာက serial key ထုတ်ပေးတဲ့ hardware ပျက်စီး/လဲလှယ် လို့ serial key အသစ်ဖြစ်ပေါ်ပြီး ဝယ်ထားတဲ့ register key က သက်တမ်း ကုန်သွားမှာ ဖြစ်ပါသည်။​


myplayer Mini Karaoke Box

​Hardware  အတွက် Invoice တွင် ပါရှိပြီးသော အာမခံ ကာလအတွင်း စက်ပစ္စည်းများကို အာမခံ ပေးပါသည်။ အာမခံတွင် Power Adapter မပါဝင်ပါ။  အာမခံ စက္ကူ (Warranty Seal) ပျက်စီး/ဖျက်စီး/ပြင်ဆင်ထားခြင်း ရှိပါက အာမခံလည်း ပျက်စီးသွားမှာဖြစ်ပါသည်။
​myplayer Pro Key အတွက် အထက်ပါ  myplayer2k22 Home/Pro Reg Key အပြင် Invoice တွင် ပါရှိသည့်အတိုင်း mSATA or HDD တစ်ခု သက်တမ်း ရှိနေသ၍ Pro key ကို support ပေးသွားမှာ ဖြစ်ပါသည်။